ဇာတ်လမ်းအညွှန်း
☠️ တစ်ချိန်က ေသမလိုအထိ အနိုင်ကျင့်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်….
🥀 သူ့ဘဝကို ဖျက်ဆီးခဲ့တဲ့ အဲ့ဒီအတိတ်က နှစ်တွေကြာသွားတဲ့အထိ သူ့စိတ်ထဲမှာ တစ်အုံနွေးနွေးနဲ့ ကျန်နေဆဲပါ
⛓️ အခုတော့ အဲ့ဒီအတိတ်ကို ပြန်ဖွင့်ဖို့ အချိန်ရောက်လာတယ်
သူ့ကို နာကျင်အောင်လုပ်ခဲ့တဲ့ မိန်းကလေးကို ပြန်ရှာတွေ့တဲ့နေ့မှာတော့ MC ဟာ အရင်က အားနည်းပြီး ဘာမှမတတ်နိုင်ခဲ့တဲ့သူ မဟုတ်တော့ပါဘူး….
🔥 သူ့မှာ လက်စားချေချင်စိတ် တစ်ခုပဲရှိတော့တယ်….
ဒါပေမဲ့ လက်စားချေမှုဆိုတာ အတိတ်က နာကျင်မှုတွေကို ပြန်ပေးဆပ်ရုံနဲ့ ပြီးသွားမယ့်အရာမဟုတ်ခဲ့ပါဘူး။
💭 မုန်းတီးမှုနဲ့ အပြစ်ပေးလိုစိတ်တွေ ပိုမိုနက်ရှိုင်းလာတဲ့အခါ ကိုယ်တိုင်က ဘယ်လောက်အထိ ပြောင်းလဲသွားမလဲ….
သူ့ဘဝကို တစ်ချိန်က ဖျက်ဆီးခဲ့တဲ့သူတွေကို ပြန်လည်ရင်ဆိုင်ရင်း ဒီလက်စားချေခရီးက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုတော့ အတူတူဆက်ကြည့်ကြတာပေါ့ဗျာ… 💭



