အမေးများသော မေးခွန်းများ
ဘယ်လိုငွေပေးချရမလဲ။
မြန်မာပြည်ကနေသာမက၊ ထိုင်းနိုင်ငံကနေလဲ ငွေပေးချေနိုင်ပါတယ်။
မြန်မာပြည်ကဆိုရင် KBZPay, WavePay, CBPay, AYAPay တိုနဲ့ငွေချေနိုင်ပြီး
ထိုင်းနိုင်ငံကနေဆိုရင်တော့ မည်သည့် ဘဏ်ကနေမဆို ငွေလွှဲနိုင်ပါတယ်။
(ဖုန်းဘေလ်နဲ့တော့ငွေချေလို့မရပါဘူးခင်ဗျာ။)
ငွေလွှဲပြီးရင်ဘာတွေဆက်လုပ်ရမလဲ။
ငွေလွှဲပြီးတာနဲ့ Admin ကို ငွေလွှဲပြေစာပို့ပေးပြီးတော့ Admin က
အကောင့်ဖောက်ဖို့ link ပို့ပေးမှာဖြစ်ပါတယ်။ အကောင့်ဖောက်တာကတော့ ၂
မိနစ်လောက်ပဲအချိန်ကြာမှာဖြစ်ပြီး အကောင့်ဖောက်ပြီးတာနဲ့
ချက်ချင်းအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။
iOS နဲ့ရောဖတ်လို့ရလား။
ရပါတယ်။ iOS တင်မက PC, tablet အကုန်လုံးနဲ့ဖတ်လို့ရပါတယ်။ Internet သုံးလို့ရပြီး Browser ပါဝင်တဲ့ မည်သည့်
device နဲ့မဆိုဖတ်ရှုနိုင်ပါတယ်။
1 Device, 2 Device က ဘယ်လိုအလုပ်လုပ်တာလဲ။
1 Device ဆိုပေမယ့်ဝယ်ယူတဲ့ဖုန်းနဲ့ပဲအသုံးပြုလို့ရတာမဟုတ်ပဲ မည်သည့် Phone, Tablet, Laptop
နဲ့မဆိုဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 1 Device ဆိုတာက တစ်ပြိုင်ထဲအသုံးပြုလို့မရတာတစ်ခုပါပဲ။ ဖုန်းထဲမှာ
အကောင့်ဝင်ထားရင် Tablet နဲ့အကောင့်ထပ်ဝင်တဲ့အခါ ဖုန်းမှာဝင်ထားတဲ့အကောင့်ကပြုတ်သွားပြီး Tablet မှာ
အကောင့်ဝင်သွားမှာဖြစ်ပါတယ်။ 2 Device ကတော့ Device ၂ ခုလုံးနဲ့ တစ်ပြိုင်ထဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။